Refund and Returns Policy

နောက်ဆုံးပြင်ဆင်သည့်ရက်စွဲ – [၁ ဂျူလိုင် ၂၀၂၆]

ATH Craft ကို အားပေးကြမ်းကြတဲ့ မိဘပြည်သူအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်ုပ်တို့အနေဖြင့် သင့်ကို အကောင်းဆုံး အရည်အသွေးနှင့် ဝန်ဆောင်မှုပေးနိုင်ရန် အမြဲကြိုးစားနေပါသည်။ ဝယ်ယူထားသော ပစ္စည်းများနှင့် ပတ်သက်၍ ပြန်အမ်းငွေနှင့် ကုန်ပစ္စည်းပြန်လဲလှယ်ခြင်းဆိုင်ရာ မူဝါဒများကို အောက်ပါအတိုင်း သတ်မှတ်ထားပါသည်။

ကျွန်ုပ်တို့ဆိုင်တွင် ရောင်းချသော ကုန်ပစ္စည်းအမျိုးအစား မတူညီသည့်အတွက် မူဝါဒများလည်း ကွဲပြားနိုင်ပါသည်။ ဝယ်ယူခြင်းမပြုမီ အောက်ပါအချက်များကို သေချာစွာ ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

၁။ စိတ်ကြိုက်ပြုလုပ်ထားသော သံလိုက်ဓာတ်ပုံများ

သံလိုက်ဓာတ်ပုံများသည် လူကြီးမင်းတို့ ပေးပို့သော ကိုယ်ပိုင်ဓာတ်ပုံများဖြင့် သီးသန့်စိတ်ကြိုက် ဖန်တီးပေးရခြင်း (Personalized Products) ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ငွေပြန်အမ်းပေးခြင်း သို့မဟုတ် အခြားပစ္စည်းနှင့် လဲလှယ်ပေးခြင်း လုံးဝ (လုံးဝ) ဆောင်ရွက်ပေးမည် မဟုတ်ပါ။

ခြွင်းချက်အနေဖြင့် အောက်ပါအချက်များ ဖြစ်ပွားပါက အခမဲ့ အသစ်ပြန်လည် ပြုလုပ်ပေးပါမည်။

  • ပို့ဆောင်ရေး လမ်းကြောင်းတွင် ပစ္စည်းကွဲအက်ခြင်း၊ ပြင်းထန်စွာ ထိခိုက်ပျက်စီးခြင်း။
  • ဆိုင်ဘက်က နာမည်မှားခြင်း၊ ပုံမှားခြင်း သို့မဟုတ် အရွယ်အစား မှားယွင်းစွာ ပြုလုပ်မိခြင်း။

အရေးကြီးချက် – ပစ္စည်းလက်ခံရရှိပြီး ၄၈ နာရီအတွင်း ပျက်စီးနေသော သက်သေပြချက် (ဓာတ်ပုံ သို့မဟုတ် ကုန်ပစ္စည်းအထုပ်ဖွင့်စဉ် ရိုက်ကူးထားသော ဗီဒီယို – Unboxing Video) ဖြင့် ကျွန်ုပ်တို့၏ Page Messenger သို့ ဆက်သွယ် အကြောင်းကြားပေးရပါမည်။ ၄၈ နာရီ ကျော်လွန်ပါက လူကြီးမင်း၏ ပေါ့ဆမှုကြောင့်ဟု သတ်မှတ်ပြီး အသစ်ပြန်လည် ပြုလုပ်ပေးမည် မဟုတ်ပါ။

၂။ သံလိုက်ဓာတ်ပုံဖိစက်နှင့် ကုန်ကြမ်းပစ္စည်းများ

သံလိုက်ဓာတ်ပုံဖိစက်နှင့် ကုန်ကြမ်းပစ္စည်းများအတွက် ကုန်ပစ္စည်းချို့ယွင်းချက်ရှိပါက လက်ခံရရှိသည့်နေ့မှစ၍ ၇ ရက်အတွင်း အသစ်လဲလှယ်ခွင့် သို့မဟုတ် ငွေပြန်အမ်းခွင့် ရှိပါသည်။

စစ်ဆေးခြင်း – စက်ရုံထုတ် စနစ်ချို့ယွင်းချက် (Manufacturer Defect) ရှိမှသာ လဲလှယ်ပေးမည်ဖြစ်ပြီး၊ သုံးစွဲသူ၏ အသုံးပြုပုံမမှန်ကန်မှု သို့မဟုတ် မတော်တဆ ထိခိုက်မှုများ (ဥပမာ – ပြုတ်ကျခြင်း၊ ရေဝင်ခြင်း) ကြောင့် ပျက်စီးခြင်းဖြစ်ပါက ပြန်လည်လဲလှယ်ပေးမည် မဟုတ်ပါ။

လဲလှယ်ခွင့်ရှိသော အခြေအနေ – စက်ပစ္စည်းသည် မူလထုတ်ပိုးမှု ဘူးခွံအတိုင်း ရှိရမည်ဖြစ်ပြီး၊ ဆက်စပ်ပစ္စည်းများ စုံလင်စွာ ပါရှိရပါမည်။ အသုံးမပြုရသေးသော အခြေအနေ (Original, Unused Condition) ရှိရပါမည်။

၃။ Canvas Templates / Digital Designs

ကျွန်ုပ်တို့ဆီမှ ဝယ်ယူထားသော Canvas Templates များနှင့် Digital Designs များသည် ဝယ်ယူပြီးသည်နှင့် ချက်ချင်း ဒေါင်းလုဒ်ဆွဲယူနိုင်သော သို့မဟုတ် Link ရရှိနိုင်သော Digital Products များ ဖြစ်ကြသည်။

သို့သော် လင့်ခ်ဖွင့်မရခြင်း၊ ဖိုင်ပျက်နေခြင်းများ ရှိပါက ကျွန်ုပ်တို့ထံ ချက်ချင်းအကြောင်းကြားပြီး လင့်ခ်အသစ် တောင်းခံနိုင်ပါသည်။

ဒေါင်းလုဒ်လင့်ခ်ကို ပေးပို့ပြီးဖြစ်၍ လည်းကောင်း၊ အလွယ်တကူ ကူးယူသိမ်းဆည်းနိုင်၍ လည်းကောင်း ဒစ်ဂျစ်တယ်ပစ္စည်းများအတွက် ငွေပြန်အမ်းပေးခြင်း သို့မဟုတ် လဲလှယ်ပေးခြင်း လုံးဝ မရှိပါ။

၄။ ကုန်ပစ္စည်း ပြန်လည်ပေးပို့ခြင်း ပို့ဆောင်ခ

ကျွန်ုပ်တို့၏ အမှားကြောင့် ဖြစ်ပါက – ဆိုင်ဘက်က ပစ္စည်းမှားပို့ခြင်း သို့မဟုတ် ချို့ယွင်းချက်ရှိသော ပစ္စည်းပို့မိခြင်းများအတွက် ပြန်လည်ပေးပို့ခ (Return Shipping Fee) ကို ATH Craft မှ အပြည့်အဝ တာဝန်ယူပါမည်။

ဝယ်ယူသူ၏ သဘောဆန္ဒအရ ပြန်လဲလိုပါက – စက်ပစ္စည်းများကို ဝယ်ယူသူ၏ စိတ်တိုင်းမကျမှုကြောင့် (စက်ရုံထုတ် ချို့ယွင်းချက်မရှိဘဲ) ပြန်လည်လဲလှယ်လိုပါက ကုန်ပစ္စည်းပြန်ပို့ခနှင့် အသစ်ပြန်လည် ပို့ဆောင်ခများကို ဝယ်ယူသူဘက်မှ ကျခံရပါမည်။

၅။ ငွေပြန်အမ်းခြင်း လုပ်ငန်းစဉ်

ငွေပြန်အမ်းရန် သဘောတူညီမှု ရရှိပြီးပါက လူကြီးမင်းတို့ ပေးချေခဲ့သော KBZPay, WaveMoney သို့မဟုတ် ဘဏ်အကောင့်များသို့ ကုန်ပစ္စည်းပြန်လည် စစ်ဆေးပြီး ၃ ရက်မှ ၅ ရက်အတွင်း ငွေပြန်အမ်းပေးသွားမည် ဖြစ်ပါသည်။

ဆက်သွယ်ရန်

ဤမူဝါဒများနှင့် ပတ်သက်၍ မရှင်းလင်းသည်များရှိပါက အောက်ပါ လမ်းကြောင်းများမှတစ်ဆင့် ဆက်သွယ် စုံစမ်းနိုင်ပါသည် – https://athcraft.store/contact-us/

Shopping Cart
Scroll to Top